ကျောက်ဆည်မြို့ ရွှေသာလျောင်း တောင်တော် သမိုင်း
September 14, 2020
ရွှေသာလျောင်း တောင်တော် သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၏ အရှေ့ဘက် ကပ်လျက်တွင် တည်ရှိ၍ ရွှေသာလျောင်းတောင်တော် အမြင့်မှာ ( ၉၇၅ ) ပေ မြင့်ပါသည်။ တောင်တော်၏ အမည်များမှာ ကိုးခရိုင် သမိုင်းတွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။ ( ၁ ) ကကုသန် ဘုရားရှင် လက်ထက်တွင် ရတနာဝိပ္ပတောင် ဟု အမည်တွင်လေသည်။ ( ၂ ) ကောဏဂုံ ဘုရားရှင် လက်ထက်တွင် ရသေ့ငါးရာ နေထိုင်ကြသောကြောင့် ဣသိသေဌ တောင်ဟု အမည်တွင်လေသည်။ ( ၃ ) ကဿပ ဘုရားရှင် လက်ထက်တော် ဤတောင်၌ စန္ဒာကူး နံ့သာနှစ်များစွာ ပေါက်ရောက်ခြင်းတို့ကြောင့် ကိန္နရာများစွာတို့ လာရောက်နေထိုင်သည်ကို အကြောင်းပြု၍ ကိန္နရာ စမ္ပာရတောင် ဟု အမည်တွင်လေသည်။ ( ၄ ) ဂေါတမ ဘုရားရှင် လက်ထက်တော်တွင် ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရားလေးဆူတို့၏ ဘွဲ့တော်များပေါင်း၍ စတုရတန ရာသိဗ္ဗတ တောင်ဟု အမည်တွင်လေသည်။ ( ၅ ) ဂေါတမ ဘုရားရှင် လျောင်းတော်မူဟန် သဏ္ဍန်ကို အကြောင်းပြု၍ ရှင်ပင်သာလျောင်း တောင်ဟု အမည်တွင်ခဲ့ပါသည်။ ထိုမှ ရွှေသားဖြင့် လျောင်းတော်မူ ဖြစ်ခြင်းကြောင့် ရွှေသားလျောင်းတောင်ဟု ခေါ်ဆိုစေသည်။ နှစ်ကာလ ရွေ့လျားလာသည့်အခါ ရွှေသားလျောင်းတောင် ကို ရွှေသာလျောင်းတောင် ဟု ပြောင်းလဲလာခဲ့ပါသည်။
ဘုရားအဆူဆူ တို့ လက်ထက်ကပင် ရှိခဲ့သော ထူးမြတ်သောတောင် ဖြစ်ပါသည်။
This entry was posted on October 4, 2009 at 12:14 pm, and is filed under
ထင်ရှားကျော်ကြားနေရာများ
. Follow any responses to this post through RSS. You can leave a response, or trackback from your own site.
Subscribe to:
Post Comments (Atom)



Post a Comment